ထောက်ပံ့ငွေပေးအပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ပန်ဟူးကျေးရွာအုပ်စု၊ ပန်တောင်အောက်ကျေးရွာ၌ (၂၁-၁-၂၀၁၈) ရက်နေ့ တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၄)၊ အိမ်ထောင်စု (၄) စုမှ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင်လည်းကောင်း (၁၃-၂-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events