ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၅-၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)