ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈) ရက်နေ့တွင် ကွမ်းစလန်း အုပ်စု၊ ကွမ်းစလန်းကျေးရွာ၊ ကျောက်မဲမြို့နယ်နေသူ အိုက်သိန်း (ခ)ထွန်းသိန်းသည် မိဘပိုင်လက်ဖက်ခြံသို့ သွားရောက်၍ ပေါင်းပင် များရှင်းလင်းပြီး ကျေးရွာသို့ပြန်လာစဉ် ကွမ်းစလန်းကျေးရွာ၏မြောက်ဘက် (၁)မိုင်ခန့်အကွာ လမ်း၏ ယာဘက်မှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် အိုက်သိန်းအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲ အခမ်း အနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)