Category Archives: News
-
မူလတန်းကြိုကျောင်းလွှဲပြောင်းလက်ခံခြင်းနှင့် ရပ်ရွာအခြေပြု မူးယစ်ပြန်ထူသင်တန်း ဖွင့်လှစ်မှုအား ကြည့်ရှုအားပေး
၂-၃-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့၊ဖွာလွိုင်ငွေလွန်းဘုန်းတော် ကြီးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်၍ သင်တန်းသားများအား ပြန်လည်ထူထောင်ရေးအသက် မွေးမှုလုပ်ငန်းများသင်တန်းပို့ချပေးနေမှုများအားကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား ခဲ့ပါသည်။ ဒုတိယဝန်ကြီးကသင်တန်းသားများ၏ အာဟာရပြည့်ဝစွာစားသောက်နေထိုင်မှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေများ၊ ပြန်လည်ထူထောင်ရေးသက်မွေးမှု လုပ်ငန်းလက်တွေ့ ပို့ချမှုများကို အသေး စိတ်ကြည့်ရှု အားပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား(၂၃)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၃၅)ရက်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းများမှာယခင်က မူးယစ်ဆေးဝါးမျိုးစုံသုံးစွဲခဲ့ကြ သူများဖြစ်ကြပြီးမိမိတို့သဘောဆန္ဒအလျောက် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာ၌ (၂-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၄,၇၀၀) ကျပ်တို့အား (၄-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့ပေးမှုသတင်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာ၌ (၃-၃-၂၀၁၈)နေ့(၂၀း၃၀) နာရီချိန် တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၆၇) လုံး၊ အိမ်ထောင်စု (၁၆၇) စုမှ လူဦးရေ စုစုပေါင်း (၉၀၀) ဦးတို့ ဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်၊၊ အဆိုပါ မီးဘေးသင့်ပြည်သူ (၉၀၀) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ရန်ပုံငွေ (၃,၇၈၀,၀၀၀)၊ အိမ်ခြေ (၁၆၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၈,၉၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအတွက် တန်ဖိုးငွေ (၄,၇၁၂,၀၇၂)ကျပ်၊ ဒဿမတန်းစာမေးပွဲဖြေဆိုမည့် မီးဘေးသင့်ကျောင်းသား/သူ(၈)ဦးအတွက် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်အတွင်းရှိ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၃.၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု၊ ငါးကျီးရွာနှင့် ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ငါးကျီးရွာ ကမ်းပြိုဘေးပြောင်းရွှေ့အိမ်ထောင်စု (၂၄၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် (၁) သိန်းနှုန်းဖြင့် (၂၄၃) သိန်း ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ မိုးညိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်တို့နှင့်အတူ သွားရောက်ထောက်ပံပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ တဇောင်းရိုးကျေးရွာ၌ (၁-၃-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ(၂၁၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၂၀၂၁၀၀ိ/-)နှင့် Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ပလပ်စတစ်ပုံးခွံ(၁)ပုံးတို့အား (၃-၃-၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေမှုသတင်း
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားဝင်ခရီးစဉ်ဖြင့်ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂-၃-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင်တွေ့ဆုံပြီး အာဆီယံနိုင်ငံများအတွင်း ချစ်ကြည် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးနှင့် တစိတ်တဝမ်းတည်းတည်ရှိရေး၊ နှစ်နိုင်ငံသဘောတူညီချက်များဖြင့် ဆောင်ရွက်လျှက်ရှိသော လူသားလုံခြုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်တန်းများအား ဆက်လက်ပူးပေါင်းဖွင့်လှစ်ရေး အာဆီယံဒေသတွင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအား မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ ပလ္လင်(၂) ကျေးရွာ၌ (၂၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ(၃)ဦးအတွက် Family Kits(၂၆)မျိုးပါ (၁)ပုံး(၈၂၀၀၀ိ/-)၊ ပလတ်စတစ်ပုံး(၁)ပုံး (၆၁၅၀ိ/-)၊နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၁၀၆၃၀၀ိ/-) အား (၁-၃-၂၀၁၈) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများမှ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
(၂၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၊ သပြေညိုရပ်တွင် ရုတ်တရက် လေပွေတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၂)လုံး အိမ်ထောင်စု (၂) စု လူဦးရေ (၁၁) ဦးအား ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၃၁၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-) နှင့်သစ်ပင်ပိ၍ ထိခိုက်ဒဏ်ရာရသူ ပြည်သူ (၃) ဦး အတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀ိ/-) စုစုပေါင်း (၃၇၃၁၀၀ိ/-) တို့ကို (၁-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
မီးဘေးသင့် ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဦးစီးမှူးရုံး(ဘစမ)မှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၈-၂-၂၀၁၈)ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ ကျသေအိမ်ကျေးရွာ မီးဘေးသင့်အိမ်(၂)အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာရန်ပုံငွေ (၂၇,၃၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား သွားရောက် ထောက်ပံပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်(၂၈-၁-၂၀၁၈)၇က်နေ့တွင် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀,၀၀၀)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ(၁၆၈၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၆,၈၀၀)ကျပ်နှင့် (၂၉-၁-၂၀၁၈)၇က်နေ့တွင် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စာအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၇န်ပုံငွေ (၇၀၀,၀၀၀) ကျပ်လူဦးရေ (၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး ၇န်ပုံငွေ(၈၁,၉၀၀) ကျပ်၊ စုစုပေါင်း၇န်ပုံငွေ (၇၈၁,၉၀၀) ကျပ်၊ စုစုပေါင်း နေအိမ်(၉) လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ (၄၇)ဦးစာအတွက် အိမ်ဆောက်ပစ္စည်းဖိုး … Read more









