ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း

04 Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်၊ ဝက်ရုပ်ကျေးရွာအုပ်စု၊ တဇောင်းရိုးကျေးရွာ၌  (၁-၃-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ(၂၁၀၀ိ/-)၊ စုစုပေါင်း ရန်ပုံငွေ(၂၀၂၁၀၀ိ/-)နှင့် Family Kits (၂၆)မျိုးပါ (၁)ပုံး၊ ပလပ်စတစ်ပုံးခွံ(၁)ပုံးတို့အား (၃-၃-၂၀၁၈) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events