မူလတန်းကြိုကျောင်းလွှဲပြောင်းလက်ခံခြင်းနှင့် ရပ်ရွာအခြေပြု မူးယစ်ပြန်ထူသင်တန်း ဖွင့်လှစ်မှုအား ကြည့်ရှုအားပေး

5 Pic 02
၂-၃-၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့၊ဖွာလွိုင်ငွေလွန်းဘုန်းတော် ကြီးကျောင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်၍ သင်တန်းသားများအား ပြန်လည်ထူထောင်ရေးအသက် မွေးမှုလုပ်ငန်းများသင်တန်းပို့ချပေးနေမှုများအားကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား ခဲ့ပါသည်။ ဒုတိယဝန်ကြီးကသင်တန်းသားများ၏ အာဟာရပြည့်ဝစွာစားသောက်နေထိုင်မှုအခြေအနေများ၊ ကျန်းမာရေးအခြေအနေများ၊ ပြန်လည်ထူထောင်ရေးသက်မွေးမှု လုပ်ငန်းလက်တွေ့ ပို့ချမှုများကို အသေး စိတ်ကြည့်ရှု အားပေးခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သင်တန်းသား(၂၃)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၃၅)ရက်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းများမှာယခင်က မူးယစ်ဆေးဝါးမျိုးစုံသုံးစွဲခဲ့ကြ သူများဖြစ်ကြပြီးမိမိတို့သဘောဆန္ဒအလျောက် လာရောက်ဆေးဖြတ်သူလူနာများဖြစ်ပြီး ဟိုပုံးမြို့နယ် ဆရာဝန်ကြီးနှင့်အဖွဲ့ကလည်း ကျန်းမာရေးအခြေအနေအမြဲမပြတ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါ သည်။
ဆက်လက်၍ (၃-၃-၂၀၁၈)ရက်နေ့ နံနက်ပိုင်းကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာအ.မ.က(လုံဟေး)တွင် နီပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)မှ ဆောက်လုပ် လှူဒါန်းသည့်ကျောင်း(၃၀၀)ပြည့်အထိမ်းအမှတ် ကျောင်းဆောင်သစ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဟိုပုံးမြို့၊ကန်သာယာရပ်ကွက်ရှိ ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းအား လူမှုဝန်ထမ်း ဦးစီးဌာနပိုင် မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်းလက်ခံရယူခဲ့ပါသည်။ အဆိုပါမူလတန်းကြိုကျောင်းမှာ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သော်လည်းရေရှည်တွင် ပြုပြင်ထိန်းသိမ်း ခြင်းများ ဆောင်ရွက်ရာ၌ အခက်အခဲများဖြစ်ပေါ်လာနိုင်ပါသဖြင့် လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြို ကျောင်းအဖြစ်သို့ လွှဲပြောင်းအပ်နှံပေးအပ်ခဲ့ဲခြင်း ဖြစ်ပါသည်။
ထို့နောက်နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊သိုလှောင်ရုံသို့သွားရောက်၍ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပါသည်။ ဒုတိယ ဝန်ကြီးက ဘေးအန္တရာယ်ဒဏ်ခံ ပြည်သူများအပေါ် ပြန်လည်ထူထောင်ပေးရာတွင် ဝန်ကြီးဌာန၏ မူဝါဒနှင့် အညီလူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသောလူမှုအသိုက်အဝန်းဖြစ်ပေါ်စေရန်ဦးတည်၍ ဆောင်ရွက်ရန်၊ ထောက်ပံ့ရေး ပစ္စည်းများစနစ်တကျသိုလှောင် ထားရှိရေးနှင့်လုပ်ငန်းများ ထိရောက်မြန်ဆန်စွာထောက်ပံ့နိုင်ရေးများ မှာကြား ခဲ့ပါသည်။ ထို့အပြင် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်ချက်များညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး အဆောက်အဦလိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events