မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောကျေးရွာ၌ (၃-၃-၂၀၁၈)နေ့(၂၀း၃၀) နာရီချိန် တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၆၇) လုံး၊ အိမ်ထောင်စု (၁၆၇) စုမှ လူဦးရေ စုစုပေါင်း (၉၀၀) ဦးတို့ ဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်၊၊
အဆိုပါ မီးဘေးသင့်ပြည်သူ (၉၀၀) ဦးအတွက် ဆန်ရိက္ခာ (၁၄) ရက်စာ ရန်ပုံငွေ (၃,၇၈၀,၀၀၀)၊ အိမ်ခြေ (၁၆၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၈,၉၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအတွက် တန်ဖိုးငွေ (၄,၇၁၂,၀၇၂)ကျပ်၊ ဒဿမတန်းစာမေးပွဲဖြေဆိုမည့် မီးဘေးသင့်ကျောင်းသား/သူ(၈)ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၇,၇၉၂,၀၇၂) (ကျပ်နှစ်ရာခုနှစ်ဆယ့်ခုနှစ်သိန်း ကိုးသောင်း နှစ်ထောင်ခုနှစ်ဆယ့်နှစ်တိတိ)အား (၄-၃-၂၀၁၈) နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဘေးဖြစ်ဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)