လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေမှုသတင်း

04 Pic 01
ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Anantaporn Kanjanarat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားဝင်ခရီးစဉ်ဖြင့်ရောက်ရှိနေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂-၃-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင်တွေ့ဆုံပြီး အာဆီယံနိုင်ငံများအတွင်း ချစ်ကြည် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးနှင့် တစိတ်တဝမ်းတည်းတည်ရှိရေး၊ နှစ်နိုင်ငံသဘောတူညီချက်များဖြင့် ဆောင်ရွက်လျှက်ရှိသော လူသားလုံခြုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သင်တန်းများအား ဆက်လက်ပူးပေါင်းဖွင့်လှစ်ရေး အာဆီယံဒေသတွင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအား မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ထိုင်းနိုင်ငံတွင် ဆောင်ရွက်လျှက်ရှိသော ပြည်သူအချင်းချင်း စောင့်ရှောက်မှုနည်းလမ်းအစီအစဉ်များ လက်တွေ့ ကျင့်သုံးနေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ စီးပွားရေး မဟာဗျူဟာများချမှတ်ဆောင်ရွက်ရာ တွင် မသန်စွမ်းသူများအား ထည့်သွင်းစဉ်းစားထားခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍတွင် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်လာမှုအခြေအနေ၊ လူကုန်ကူးခံရသူများ ပြန်လည်ထူထောင်ရေးနှင့် ရွှေ့ပြောင်းလုပ်သားကိစ္စရပ်များတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းညှိနှိုင်းခြင်းဖြင့် လုပ်ငန်းများပိုမိုအောင်မြင်စွာ ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အဆိုပါ ဝန်ကြီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသော လုပ်ငန်းစီမံခန့််ခွဲမှုဗဟိုဌာနတွင် အိုင်တီနည်းပညာများ အသုံးပြု၍ လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် လူမှုရေးအထောက်အကူပြုဌာနတွင် ပြည်တွင်း၊ပြည်ပရှိ ထိုင်းနိုင်ငံံသားများအနက် အရေးပေါ်လူမှုရေးဆိုင်ရာ အကူအညီလိုအပ်၍ တောင်းခံပါကတစ်နေရာထဲတွင် ကူညီဆောင်ရွက်ပေးနိုင်ရေး အရေးပေါ်ဖုန်းလိုင်းဖွင့်လှစ်ပြီး ဆောင်ရွက်နေမှုအခြေအနေတို့အား လေ့လာကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးဌာန လက်အောက်ရှိသင်တန်းကျောင်းများ၊ စောင့့်ရှောက်ရေးဌာနများမှ ထုတ်လုပ်ထားသည့် အသုံး အဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ယင်းနောက် နေ့လယ်ပိုင်းတွင် Nonthaburi ခရိုင်ရှိ လူကုန်ကူးခံရသူများ စောင့်ရှောက်ရေး စင်တာတွင် ထိုင်းနိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ ၊လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ လူကုန်ကူးခံရသူ များအား ကယ်တင်ခြင်း၊ စနစ်တကျ ကာကွယ်စောင့်ရှောက်ခြင်း၊ မိသားစုဖြင့် ပြန်လည် ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား လေ့လာပြီးနောက် နိုင်ငံချင်းဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖြေရှင်းရန်လိုအပ်သော အခက်အခဲများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။  (၃.၃.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင်ဘန်ကောက်မြို့မှချင်းရိုင်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ယင်းမြို့ကိုအခြေပြု၍ နယ်စပ်ဒေသများတွင် စဉ်ဆက်မပျက်သမာအာဇီဝကျ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မယ်ဖလောဝ် ဖောင်ဒေးရှင်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးအား ဖောင်ဒေးရှင်း တည်ဆောက်သူနှင့်နာယက Mr. Khun Chai နှင့် တာဝန်ရှိသူများမှ စီးကြိုနှုတ်ဆက်ပြီး ဖောင်ဒေးရှင်းစတင်တည်ထောင်ခဲ့မှုနှင့် ရည်ရွယ်ချက်များ၊ ထိုင်းနိုင်ငံတော်ဝင်မိသားစုနှင့်အစိုးရမှ ပံ့ပိုးဆောင်ရွက်မှု၊ တောပြုန်းတီးမှုနှင့်ဘိန်းစိုက်ပျိုးမှုကြောင့် လူမှုစီးပွားအကြပ်အတည်းဖြစ်နေသည့် နယ်စပ်ဒေသတွင် နေထိုင်သည့်တိုင်းရင်းသားများအား ခံယူချက်ပြောင်းလဲရေးနှင့် လူထုမှစတင် သည့်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ နိုင်ငံတကာမှလာ ရောက်လေ့လာသည့်အခြေအနေများ၊ ချင်းရိုင်ဒေသအတွင်း လူနှင့်ပတ်ဝန်းကျင် သဟဇာတ ဖြစ်ရေးဦးတည်ပြီး ဘိန်းအစားထိုးအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အားပေးကူညီနိုင်ခဲ့မှုအခြေ အနေ၊ မြန်မာနိုင်ငံအစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ပံ့ပိုးဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှလည်း အစိုးရသစ်လက်ထက် လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများအား ဗဟိုပြု၍ ပြည်သူနှင့်အတူဆောင်ရွက်နေမှုများ၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနှင့်အတူယှဉ်တွဲပြီး လူမှုစီးပွား တိုးတက်စေရေးအလေးထား အကောင်အထည်ဖေါ်မှုအခြေအနေ၊ ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများချမှတ်ဆောင်ရွက်နေမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ထောက်ပံ့ပေးနေမှုအခြေအနေ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးနှင့် မတူကွဲပြားသည့်အခြေအနေအရပ်ရပ်အား ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေမှု အခြေအနေတို့အား ပြန်လည်ဆွေးနွေးပြီးဆက်လက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ပွင့်ပွင့် လင်းလင်းသဘောထားဖလှယ်ဆွေးနွေးခဲ့ပါသည်။                                                                   ယင်းနောက် ပြည်သူ့အတွက်အကောင်အထည်ဖေါ်နေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ်များ ပိုမိုတိုးတက်စေရေး ထိုင်းနိုင်ငံမှဆောင်ရွက်နေသည့် ပြည်သူ့ အခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားအစိုးရနှင့်လူတန်းစားအားလုံးပါဝင်ဆောင်ရွက်မှုဆိုင်ရာအားသာချက်၊ အားနည်းချက်များလေ့လာခြင်း၊ ထိုင်းနှင့်မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် အသက်မွေးဝမ်းကျောင်းသင်တန်းများဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံသို့ မိမိဆန္ဒအလျောက် ပြန်လည်ပေါင်းစည်းမည့်တိုင်းရင်းသားများအတွက်ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်မည့်အခြေအနေတို့အား ဆွေးနွေးပါသည်။ ဆက်လက်၍ Doi Tung Project အရလက်တွေ့ဆောင်ရွက်နေပြီး အောင်မြင်နေသည့်လုပ်ငန်းများဖြစ်သည့် ကော်ဖီနှင့် မက်ကဒေပီးယားအဆင့်မှထုတ်ကုန်လုပ်ငန်း၊ ရိုးရာယက်ကန်း၊ မှိုင်းကိုင်စက္ကူလုပ်ငန်း၊ ကြွေထည်၊ မြေထည်လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လေ့လာခဲ့ပါသည်။

Sign Up

Upcoming Events