ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

02 Pic 01

(၂၈-၂-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့ ပြည်တော်လှရပ်ကွက်၊ သပြေညိုရပ်တွင် ရုတ်တရက် လေပွေတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲခဲ့ရာမှ ပျက်စီးသွားသော အိမ်ခြေ(၂)လုံး အိမ်ထောင်စု (၂) စု လူဦးရေ (၁၁) ဦးအား ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၃၁၀၀ိ/-) အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-) နှင့်သစ်ပင်ပိ၍ ထိခိုက်ဒဏ်ရာရသူ ပြည်သူ (၃) ဦး အတွက် ထောက်ပံ့ငွေ(၁၅၀၀၀၀ိ/-) စုစုပေါင်း (၃၇၃၁၀၀ိ/-) တို့ကို (၁-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events