Category Archives: News
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UN Resident Coordinator ဖြစ်သူ Mr. Knut Ostby နှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
၁၉.၄.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ရခိုင် ပြည်နယ်ဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါ သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နေရပ်စွန့်ခွာသွားသူများပြန်လည်လက်ခံရေး၊ ပြည်လည်နေရာချထားပေးရေးတို့အတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှု အြခေအနေ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံ ရေးဆောင်ရွက်နေမှု လက်ရှိအခြေအနေများ၊ IDP Camp များပိတ်သိမ်းနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ လွတ်လပ်စွာသွား လာခွင့်ရှိရေးဆောင်ရွက်နေမှုအခြေအနေနှင့် နိုင်ငံသားဖြစ်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားပြီး နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းများနှင့်ပတ်သက်၍ UNDP … Read more
-
အဝီစိတွင်းတူးဖော်ခြင်း ရေကန်ဆောက်လုပ်ခြင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ လှိုင်မြို့နယ်၊ ရွှေပြည်စိုးရပ်ကွက် (၃)လမ်းထောင့်၌ အဝီစိတွင်းတူးဖော်ခြင်း ရေကန်ဆောက်လုပ်ခြင်းအတွက် ကုန်ကျငွေ (၂၀၈၀၀၀၀ိ/-) ကျပ်တိတိကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်ထံ (၁၉-၄-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာ (၁၄)ရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် ပြိုလဲနေအိမ် (၃၄)လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃,၄၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅၆,၂၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုး (၃၄) ပုံး၊ နေအိမ်ပြိုလဲမှုကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ ဒဏ်ရာရသူ (၁)ဦး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၉၉) လုံးနှင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၄) … Read more
-
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း
သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၁၀)ရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၄) မျိုး (၂) ပုံး၊ အမိုးလန်နေအိမ် (၁၅၄) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၅) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး တန်ဖိုးသင့်နှုန်းထားများဖြင့် … Read more
-
ဂန့်ဂေါမြို့နယ်၊မောက်ကျေးရွာလေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါမြိ့ုနယ်၊ မောက်ကျေးရွာတွင် (၁၆-၄-၂၀၁၈)ရက်နေ့ လေပြင်းတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၇၀၀၀၀/-)ကျပ်၊ လူဦးရေ (၄၄)ဦးအတွက် ဆန်(၇)ရက်စာ (၉၂၄၀၀/-)ကျပ် စုစုပေါင်း (၅၆၂၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (၁၁)အိမ်ထောင်စုစာ တို့အား (၁၈-၄-၂၀၁၈)ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှ တဆင့် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကမ်းနားလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုတစ်စုအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) ================================================= လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကမ်းနားလမ်း၌ (၁၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့ သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် Family Kits (၂၆) မျိုးပါ (၁) ပုံး (၈၂၀၀၀ိ/-) ၊ ပလက်စတစ်ပုံး (၁) … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောဒေသတွင်း ပြန်လည်နေရာချထားရေး၊ စစ်တွေမြို့ပေါ် IDP စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးမှုသတင်း
================================================= ၁၈-၄-၂၀၁၈၊ စစ်တွေ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြနလည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ (၁၈-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာရာ ပထမဦးစွာ သစ်တုံးနားခွဆုံကျေးရွာသို့ ရောက်ရှိပြီး ပြန်လည်တည်ဆောက်ပြီးသည့်အိမ်များတွင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၃၅) စုအား ပြန်လည်နေရာချထားပေးမည့် အခြေအနေတို့ကိုကြည့်ရှုပြီး ၎င်းတို့၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ … Read more
-
သထုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာ၌ (၁၆-၄-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော မီးဘေး (၂) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ family kit (၁)ထုပ်၊ ရေပုံး အဖုံးပါ (၂)ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၄၇၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀၀ိ/-) ကျပ်တို့အား သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာသို့ (၁၇-၄-၂၀၁၈)ရက် … Read more
-
ပေါင်းတည်မြို့နယ်၊ မဲခေါင်း ကြာနီကန် ထန်းတပင်နှင့် ဘိုးသာအောင်ကုန်း စသည့် ကျေးရွာအုပ်စု (၄) စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) ================================================= ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ မဲခေါင်း ကြာနီကန် ထန်းတပင်နှင့် ဘိုးသာအောင်ကုန်း စသည့် ကျေးရွာအုပ်စု (၄) စု၌ (၁၆-၄-၂၀၁၈) ရက်နေ့၊ (၁ရး၁၅) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ပြိုလဲခဲ့သည့်နေအိမ် (၃၄) လုံးအတွက် ပြည်ခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) မှ ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး (၃၄) အိမ်ထောင်စာအား (၁၇-၄-၂၀၁၈) ရက်နေ့တွင် ကနဦးသွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ မီးဘေး ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် Family Kit (၂၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၇) ရက်စာ (၈,၄၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၈,၄၀၀ိ/-) ကျပ်တို့အား (၁၇-၄-၂၀၁၈) … Read more









