သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု (၃) စု၊ ကျေးရွာ (၁၀)ရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၂) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း (၁၄) မျိုး (၂) ပုံး၊ အမိုးလန်နေအိမ် (၁၅၄) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၅) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး တန်ဖိုးသင့်နှုန်းထားများဖြင့် (၅,၉၉၅,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆,၂၀၉,၇၀၀ိ/-) ကျပ်တို့အား (၁၈-၄-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရရုံးမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး၊ သာယာဝတီ ခရိုင် ဒုတိယရဲမှူးကြီး၊ ပြည်ခရိုင် ဒုတိယ ရဲမှူးကြီး၊ နတ်တလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပေါင်းတည်မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)