ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာ (၁၄)ရွာ၌ (၁၆-၄-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် ပြိုလဲနေအိမ် (၃၄)လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀ိ/-)ကျပ်နှုန်းဖြင့် (၃,၄၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၂၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅၆,၂၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုး (၃၄) ပုံး၊ နေအိမ်ပြိုလဲမှုကြောင့် သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်၊ ဒဏ်ရာရသူ (၁)ဦး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၄၉၉) လုံးနှင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုး တန်ဖိုးသင့်နှုန်းထားများဖြင့် (၂၇,၆၅၃,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁,၆၅၉,၂၀၀ိ/-) ကျပ်တို့အား (၁၈-၄-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပဲခူးတိုင်းအစိုးရရုံးမှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခရိုင်အုပ်ချုပ် ရေးမှူး၊ ပြည်ခရိုင် ဒုတိယရဲမှူးကြီး၊ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဘေးသင့်နယ်မြေအရောက် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)