လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UN Resident Coordinator ဖြစ်သူ Mr. Knut Ostby နှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

၁၉.၄.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ရခိုင် ပြည်နယ်ဆိုင်ရာ အရေးကိစ္စများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါ သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးနှင့် နေရပ်စွန့်ခွာသွားသူများပြန်လည်လက်ခံရေး၊ ပြည်လည်နေရာချထားပေးရေးတို့အတွက် ကော်မတီများဖွဲ့စည်းဆောင်ရွက်နေမှု အ‌ြခေအနေ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံ ရေးဆောင်ရွက်နေမှု လက်ရှိအခြေအနေများ၊ IDP Camp များပိတ်သိမ်းနိုင်ရေးဆောင်ရွက်နေမှုအခြေအနေ၊ လွတ်လပ်စွာသွား လာခွင့်ရှိရေးဆောင်ရွက်နေမှုအခြေအနေနှင့် နိုင်ငံသားဖြစ်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားပြီး နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းများနှင့်ပတ်သက်၍ UNDP နှင့် UNHCR တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ အမြန် လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်ရန်တိုက်တွန်းပါသည်။ UN Resident Coordinator ဖြစ်သူ Mr. Knut Ostby က မိမိတို့အနေဖြင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရနှင့် အတူပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဘောတူညီချက်ကိုအမြန်လက်မှတ်ရေးထိုး နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ Mr. Kofi Annan ဦးဆာင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှဖွဲ့စည်းထားသည့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီနှင့်လည်း ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ UN အဖွဲ့အစည်းများမှလည်း ပူးပေါင်း ပါဝင်နိုင်ရန်ဆောင်ရွက် နေကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်ဖွဲ့ချင်းစီမှ ပုံစံအမျိုးမျိုးဖြင့် ပါဝင် ဆောင်ရွက်မည့်အစား မိမိတို့ UNDP အပါအဝင် အားလုံးမှ စုစုစည်းစည်းပါဝင်ဆောင်ရွက်လိုပါကြောင်း တင်ပြ ဆွေးနွေးပါသည်။
ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events