ဂန့်ဂေါမြို့နယ်၊မောက်ကျေးရွာလေပြင်းဘေးထောက်ပံ့မှုသတင်း

19_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဂန့်ဂေါမြိ့ုနယ်၊ မောက်ကျေးရွာတွင် (၁၆-၄-၂၀၁၈)ရက်နေ့ လေပြင်းတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ်(၁၁)လုံး၊ အိမ်ထောင်စု (၁၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၇၀၀၀၀/-)ကျပ်၊ လူဦးရေ (၄၄)ဦးအတွက် ဆန်(၇)ရက်စာ (၉၂၄၀၀/-)ကျပ် စုစုပေါင်း (၅၆၂၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (၁၁)အိမ်ထောင်စုစာ တို့အား (၁၈-၄-၂၀၁၈)ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှ တဆင့် ဘေးသင့်ပြည်သူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events