Category Archives: News
-
ချောက်မြို့နယ်တွင် သောက်သုံးရေလှူဒါန်းမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၉-၄-၂၀၁၇) ရက်နေ့တွင် ချောက်မြို့နယ်၊ ဂွေးပင်ကျေးရွာအုပ်စု၊သန်းပင်မြောက်ရွာတွင်သောက်သုံးရေ အခက်အခဲဖြစ်နေသော အိမ်ခြေ(၁၉၅)လုံး၊ အိမ်ထောင်စု(၂၁၀) စု၊ လူဦးရေ(၁၀၁၂)ဦးတို့အတွက် ရေဂါလံ (၁၆၀၀)အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ
– ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင်(၁၈-၄-၂၀၁၈)နေ့က လေပြင်း တိုက်ခတ်မှုများကြောင့် ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ မြန်အောင်မြို့နယ်၊ ကျေးရွာ (၇၈)ရွာမှ ပြိုကျနေအိမ်(၁၇၆)လုံး အမိုးလန်နေအိမ်(၁၁၁၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး၊ အိမ်ထောင်စု(၁၂၉၄)စု၊ လူဦးရေ(၄၉၈၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း(၅၈,၂၄၁,၀၀၈) (ကျပ်ငါးရာရှစ်ဆယ့်နှစ်သိန်း လေးသောင်းတစ်ထောင့်ရှစ်တိတိ) အား လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ကျေးရွာ(၂၃)ရွာမှ ပြိုကျနေအိမ်(၆)လုံး အမိုးလန်နေအိမ်(၁၁၄)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး၊ အိမ်ထောင်စု(၁၂၀)စု၊ … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း
၂၀-၄-၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ၄/၂၀၁၈ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀)နာရီက လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက် အတွင်းရေးမှူး လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး … Read more
-
နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပမှုသတင်း
၂၀-၄-၂၀၁၈၊ နေပြည်တော် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အုပ်ချုပ်မှုပိုင်းကို ပိုမိုပီပြင်အောင် ဆောင်ရွက် နိုင်ရန်အတွက် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်သူများကို ပြန်လည်လက်ခံရာတွင် ဥပဒေနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်ရန် အတွက် ကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးဆောင်ရွက်ရမှုနှင့်ပတ်သက်၍ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ (၁၉-၄-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၁) အိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀ ကျပ်)၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၈)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀,၀၀၀ ကျပ်)၊ ဆန်ရိက္ခာ လူဦးရေ(၁) ဦးလျှင်(၂၁၀၀) ကျပ်နှုန်းဖြင့် (၄၃)ဦးစာ (၉၀,၃၀၀ကျပ်)၊ စုစုပေါင်း (၂၈၀,၃၀၀ကျပ်)နှင့် ကယ်ဆယ်ရေးပစ္စည်းများအား (၂၀-၄-၂၀၁၈) ရက်နေ့(၁၅: ၃၀) အချိန်တွင် နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်လတ်မြို့၊ အမှတ်(၆) နယ်မြေ၊ ကျိုက်လတ်မြစ်ကမ်းဘေးတွင် (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်(၁) အိမ်ထောင်စာအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-)ကျပ်နှင့် Unicef Family Kit (၁) ပုံးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၂၀-၄-၂၀၁၈) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ၊ စော်ဘွားရေရှင်ကျေးရွာအုပ်စု၊ စော်ဘွားရေရှင်ကျေးရွာ၊ ဖက်ယာရေရှင်ကျေးရွာနှင့် ကံအောင်ကျေးရွာတို့တွင် (၁၅-၄-၂၀၁၈)ရက်နေ့နှင့် (၁၇-၄-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် လူနေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၁၀,၀၀၀ိ/-) ကျပ်တို့အား (၂၀-၄-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီ အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ … Read more
-
လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု
(၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ လေဘေး၌ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်အိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၁၇၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၈၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၂,၇၀၀/-)ကျပ် အပါအဝင် စုစုပေါင်းထောက်ပံ့ငွေ(၉၅၂,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု
လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ထိခိုက်ခံရသူများအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်တို့မှ လေဘေးသင့်ပြည်သူများထံသွားရောက်၍ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အိမ်အမိုးလန်(၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၅,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၉၁,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၆၆,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များအား ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : … Read more
-
ကျွန်းလှမြို့နယ်အတွင်း ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၆ ရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================= Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================= ကျွန်းလှမြို့နယ်အတွင်း ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၆ ရွာ၌ (၁၈- ၄-၂၀၁၈) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၄၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၁၇၀၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၄၁) အိမ်ထောင်စာအား (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။









