လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ၊ စော်ဘွားရေရှင်ကျေးရွာအုပ်စု၊ စော်ဘွားရေရှင်ကျေးရွာ၊ ဖက်ယာရေရှင်ကျေးရွာနှင့် ကံအောင်ကျေးရွာတို့တွင် (၁၅-၄-၂၀၁၈)ရက်နေ့နှင့် (၁၇-၄-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် လူနေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၁၆)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၆) အိမ်ထောင်စာနှင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂၁၀,၀၀၀ိ/-) ကျပ်တို့အား (၂၀-၄-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီ အချိန်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌရုံးခန်း၌ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events