လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

21_Pic_02

ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ (၁၉-၄-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ပြိုလဲပျက်စီးခဲ့သည့်  လူနေအိမ် (၁) အိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀ ကျပ်)၊ တစ်စိတ် တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ် (၈)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀,၀၀၀ ကျပ်)၊ ဆန်ရိက္ခာ လူဦးရေ(၁) ဦးလျှင်(၂၁၀၀) ကျပ်နှုန်းဖြင့် (၄၃)ဦးစာ (၉၀,၃၀၀ကျပ်)၊ စုစုပေါင်း (၂၈၀,၃၀၀ကျပ်)နှင့် ကယ်ဆယ်ရေးပစ္စည်းများအား (၂၀-၄-၂၀၁၈) ရက်နေ့(၁၅: ၃၀) အချိန်တွင် နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ၀န်ထမ်းများသည် ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင့် သိရှိရပါသည်။

Source : ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events