Category Archives: News
-
ချောက်မြို့နယ်၊ အမှတ်(၁၃)နယ်မြေခံတပ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈)ရက်နေ့က ချောက်မြို့နယ်၊ အမှတ်(၁၃)ခြေလျင်တပ်ရင်းခန်းမ၌၊ အရာရှိ၊ စစ်သည်မိသားစုဝင်(၂၂၀)ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် ငလျင်လှုပ်စဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး ဘေး(၈)မျိုး လက်ကမ်းစာစောင်းများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)
-
လေးမျက်နှာမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ အုပ်စု(၆) စုအတွင်းရှိ ကျေးရွာခွဲ (၇) ရွာရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့နှင့် (၂၅-၄-၂၀၁၈) ရက်နေ့တို့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၇) လုံး၊ အမိုးလန် (၁၅) လုံး၊ စုစုပေါင်း (၂၂) လုံး၊ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၅) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၁၀,၀၀၀ိ/-)ကျပ်နှင့် … Read more
-
မိုင်းဖြတ်မြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ် အတွင်းရှိ နမ့်ယွန်းကျေးရွာ၊ ပါဆန်းကျေးရွာ၊ နမ့်ကုန်းကျေးရွာနှင့် ဟကြာမုဒိကျေးရွာတို့၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၂)စု၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် ကိုယ့်အားကိုယ်ကိုး အ.မ.က ကျောင်း (၁) ကျောင်းတို့အတွက် စုစုပေါင်း ထောက်ပံ့ငွေ (၈၈၈,၀၀၀ိ/-) ကျပ်တို့အား (၂၆-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြည်သူလူထုနှင့်တွေ့ဆုံရှင်းလင်းမှုသတင်း
၂၆.၄.၂၀၁၈၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ မြို့နယ် ထိန်ပင်အမှိုက်ပုံမီးလောင်ကျွမ်းနေခြင်းနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှုခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မီးငြိမ်းသတ်မှုဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့နယ်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသောဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်ပြည်သူများ နှင့်တွေ့ဆုံ၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် လှိုင်သာယာ(၁၈)ရပ်ကွက် အေးရိပ်သာဓမ္မာရုံသို့သွားရောက်၍ ပြည်သူလူထုနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခြင်း၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ
၂၆.၄.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA က (၂၆-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးတွင် လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ခွာသွားသူများ ပြန်လည်လက်ခံ ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်သော်လည်း နှောင့်နှေးနေရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ဝင်ရောက်လာသူများ၏ မူလအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေဘဲဥပဒေနှင့်အညီရရှိနိုင်ရေး၊ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကြားစခန်း၌ ခေတ္တနေထိုင် ရာတွင် ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်နေရာချထားရာတွင် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၅.၄.၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ် လယ်တာကြီးကျေးရွာအုပ်စု၊ ဒိုးနွယ်လေးကျေးရွာတွင် အမိုးလန်(၄)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၄၅,၀၀၀ိ/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၄)အိမ်ထောင်စာ၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၃x၂၁၀၀)(၂၇၃၀၀ိ/-) ကျပ် စုစုပေါင်း(၈၂၃၀၀ိ/-)တို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
တောင်တွင်းကြီးမြို့၊နယ်မြေခံတပ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ နယ်မြေခံတပ်၊ မင်းရန်အောင်ခန်းမ၌၊ အရာရှိ၊ စစ်သည် မိသားစုဝင်(၂၂၀) ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်း စရာ များနှင့် ငလျင်လှုပ်စဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး ဘေး(၈)မျိုးပါ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၄.၄.၂၀၁၈ေ) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ကန်ဇွန်းခင်းကျေးရွာတွင် ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀,၀၀၀ိ/-)(၂၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင် စာအားလည်းကောင်း၊ အမိုးလန်(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၀၀၀ိ/-) ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး(၂)အိမ်ထောင်စာ၊ လူဦးရေ(၁၅)ဦး အတွက် ဆန်ရိက္ခာဖိုး (၁၅x၂၁၀၀) (၃၁၅၀၀ိ/-) စုစုပေါင်း(၂၈၁၅၀၀ိ/-)တို့အား နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်း ဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စု နယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၁၉.၄.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေး မြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာတွင် ပြိုလဲ(၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃x၁၀၀,၀၀၀ိ/-) (၃၀၀၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃)အိမ်ထောင်စာအားလည်းကောင်း၊ အမိုးလန်(၁)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅,၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထောင်စာ၊ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၆x၂၁၀၀) (၃၃,၆၀၀ိ/-)ကျပ် စုစုပေါင်း (၃၄၈၆၀၀ိ/-)ကျပ်တို့အား (၂၆.၄.၂၀၁၈)ရက်နေ့ (၁၂း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့သွား ရောက်ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများ၊ လျှပ်တပြက်ရေကြီးခြင်းများနှင့်ပတ်သက်သည့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးမှူးရုံးနှင့် အမှတ် (၁၀၁) ခြေမြန်တပ်ဌာနချုပ်တို့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများနှင့် လျှပ်တပြက်ရေကြီးခြင်း သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ပြုလုပ်ခဲ့ပြီး မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဘေးအန္တရာယ်အကင်းဆုံးဖြစ်အောင် နေထိုင် နိုင်ရန် သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခြင်းကို ရွာသူ/ ရွာသားများ ပါဝင်လေ့ကျင့်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ပြည်သူ့လွှတ်တော် … Read more









