
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၅.၄.၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ် လယ်တာကြီးကျေးရွာအုပ်စု၊ ဒိုးနွယ်လေးကျေးရွာတွင် အမိုးလန်(၄)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၄၅,၀၀၀ိ/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၄)အိမ်ထောင်စာ၊ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၃x၂၁၀၀)(၂၇၃၀၀ိ/-) ကျပ် စုစုပေါင်း(၈၂၃၀၀ိ/-)တို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁၅း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)