ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ နယ်မြေခံတပ်၊ မင်းရန်အောင်ခန်းမ၌၊ အရာရှိ၊ စစ်သည် မိသားစုဝင်(၂၂၀) ဦးတို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ၊ ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်း စရာ များနှင့် ငလျင်လှုပ်စဉ် ဘေးကင်းစွာနေထိုင်နည်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြပြီး ဘေး(၈)မျိုးပါ လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)