လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA အားလက်ခံတွေ့ဆုံ

27 Pic 02

၂၆.၄.၂၀၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး Mr. Ichiro MARUYAMA က (၂၆-၄-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးတွင် လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ခွာသွားသူများ ပြန်လည်လက်ခံ ရာတွင် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်သော်လည်း နှောင့်နှေးနေရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပြန်လည်ဝင်ရောက်လာသူများ၏ မူလအခွင့်အရေးများ ဆုံးရှုံးမှုမရှိစေဘဲဥပဒေနှင့်အညီရရှိနိုင်ရေး၊ ပြန်လည်လက်ခံရေးအစီအစဉ်တွင် ကြားစခန်း၌ ခေတ္တနေထိုင် ရာတွင် ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ထားရှိမှုများ၊ ပြန်လည်နေရာချထားရာတွင် မူလဒေသ၌ စီစဉ်ထားရှိ မှုများ၊ ကျေးရွာပုံစံအသစ်တည်ဆောက်ထားရှိမည့်အစီအစဉ်များနှင့် ပြန်လည်လက်ခံရေးအစီအစဉ် အမြန် စတင်နိုင်ပြီး ချောမောအောင်မြင်ရန် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။
@Unicode Version@

Sign Up

Upcoming Events