လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

26_Pic_03
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတိုင်းဦးစီးမှူးရုံး၏ နယ်မြေအတွင်း (၂၄.၄.၂၀၁၈ေ) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ကန်ဇွန်းခင်းကျေးရွာတွင် ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀,၀၀၀ိ/-)(၂၀၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)အိမ်ထောင် စာအားလည်းကောင်း၊ အမိုးလန်(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅,၀၀၀ိ/-) ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး(၂)အိမ်ထောင်စာ၊ လူဦးရေ(၁၅)ဦး အတွက် ဆန်ရိက္ခာဖိုး (၁၅x၂၁၀၀) (၃၁၅၀၀ိ/-) စုစုပေါင်း(၂၈၁၅၀၀ိ/-)တို့အား နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည်(၂၆.၄.၂၀၁၈)ရက်နေ့ (၁း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်း ဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events