မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများ၊ လျှပ်တပြက်ရေကြီးခြင်းများနှင့်ပတ်သက်သည့် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

26 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးမှူးရုံးနှင့် အမှတ် (၁၀၁) ခြေမြန်တပ်ဌာနချုပ်တို့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်းများနှင့် လျှပ်တပြက်ရေကြီးခြင်း သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ (၂၅-၄-၂၀၁၈) ရက်နေ့တွင် စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်ပြုလုပ်ခဲ့ပြီး မုန်တိုင်းကြောင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဘေးအန္တရာယ်အကင်းဆုံးဖြစ်အောင် နေထိုင် နိုင်ရန် သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခြင်းကို ရွာသူ/ ရွာသားများ ပါဝင်လေ့ကျင့်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၌ ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဦးမြမင်းဆွေမှ သဘာဝဘေးနှင့်ပတ်သက်သည့် ဥပဒေနှင့် နည်းဥပဒေများကို ရှင်းလင်းပြောကြားခြင်း၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ ဗိုလ်မှူးသိန်းနိုင်ထွန်းမှ သဘာဝဘေးဖြစ်ပေါ်လာပါက တပ်မတော်မှ ပူးပေါင်း ဆောင်ရွက်နိုင်မှုများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ဦးမြင့်ဆောင်မှ ရှင်းလင်းပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနေဝင်းမှ ဇာတ်တိုက်လေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ရာ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာသူ/သား (၄၈၂)ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မုန်တိုင်း ဘေးဖြစ် လာပါက အန္တရာယ်အကင်းဆုံးဖြစ်အောင် နေထိုင်နိုင်ရန် သဏ္ဍာန်တူ သရုပ်ပြလေ့ကျင့်ခြင်းကို ကျေးရွာ အတွင်း၌ ဆက်လက်ဆောင်ရွက်ခဲ့ရာ အန္တရာယ်ကင်းသည့်စုရပ်သို့ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၏ အကူအညီဖြင့် လေပြင်းဒဏ်ခံနိုင်သည့် အဆောက်အဦသို့ ရွှေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒဏ်ရာရကျေးရွာသူ/သားများအား ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်လူနာများအား ဆေးရုံသို့ပို့ဆောင်ခြင်း စသည့်လေ့ကျင့်မှုများကို လက်တွေ့လေ့ကျင့် ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events