Category Archives: News
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၄.၂၀၁၈)ရက်နေ့တွင်လေပြင်း တိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စု၊ ဇွန်းကျကျေးရွာတွင် နေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၁၃)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၂၇၃၀၀ိ/-၊ နေအိမ် (၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၃၀၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၃၂၇၃၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထောင် စာတို့ကို (၃၀.၄.၂၀၁၈)ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ တပ်ကျေးရွာ အုပ်စု၊ တပ်ကျေးရွာတွင် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာဖိုး(၇)ရက်စာ ၂၅၂၀၀ိ/-၊ နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၂၅၂၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့ကို (၃၀.၄.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာတွင် (၂၄.၄.၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀၀၀၀ိ/-)တစိတ်တပိုင်းပျက်စီးဆုံးရှုံးနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၁၀၀၀၀ိ/-)လူဦးရေ ကျား(၂၁)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်းလူဦးရေ (၄၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၈၆၁၀၀ိ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၉၆၁၀၀ိ/-)(ကျပ်လေး သိန်းကိုးသောင်းခြောက်ထောင့်တစ်ရာတိတိ)တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်ခရိုင်/မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၃၀.၄.၂၀၁၈)၇က်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_apr2018
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့အမှတ် (၂)ရပ်ကွက် ရွှေတုံးရပ် မြနန္ဒာလမ်း၌ (၂၉-၄-၂၀၁၈)ရက်နေ့ ဖြစ်ပွားသည့် မီးဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁)လုံးနှင့် မီးဘေးတားကြိုတင် ဖြိုဖျက်အိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅၀၀ိ/-) ဘေးသင့်ပြည်သူ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/-) တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #rke_apr2018
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ သန္ဓေပင်ရပ် (၂၉.၄.၂၀၁၈)နေ့ မီးဘေးသင့်နေအိမ်(၃) ကြိုတင်ဖြိုဖျက်အိမ်(၁)လုံး၊ အိမ်ထောင်စု(၅)စု၊ ယင်းမှလူဦးရေ(၂၃)ဦးနှင့် ဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၁၄)မျိုး ပလပ်စတစ်ပုံးအပါ (၅)အိမ်ထောင်စုစာအား (၂၉.၄.၂၀၁၈)နေ့တွင်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့်ဒဏ်ရာရထောက်ပံ့၊ စုစုပေါင်း(၆၈၇၈၀၀ိ/-)အား (၃၀.၄.၂၀၁၈)နေ့လည်းကောင်း ပြည်မြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #bgo_ha_fir
-
မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နွားထိုးကြီးမြို့နယ်အတွင်း (၂၇.၄.၂၀၁၈) ရက်နေ့မှ (၂၈.၄.၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားသောလေပြင်းဘေးကြောင့် အမိုးလန်အိမ်ထောင်စု (၃၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ အိမ်ထောင်စု (၃၀)စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ငွေ(၁၄၉၃၀၀၀ိ/-)တိတိတို့အား (၃၀.၄.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #mdy_ha_sgw
-
ဟင်္သာတခရိုင်ဦးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)စုမှ ကျေးရွာခွဲ (၅၈)ရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့နှင့် (၂၅-၄-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့ ရန်ကျန်ရှိသော ပြိုကျပျက်စီးနေအိမ်(၂၃)လုံး၊ အမိုးလန် (၄၃၆) လုံး၊ စုစုပေါင်း (၄၅၉) လုံး၊ ဘုန်းကြီးကျောင်း(အမိုးလန်) (၄)လုံး၊ လူဦးရေ (၁၈၅၃)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောာက်ပစ္စည်းဖိုး စုစုပေါင်း (၂၃,၅၇၁,၃၀၀ိ/-) ကျပ်နှင့် ကျေးရွာအုပ်စု(၁၇)စုမှ ကျေးရွာခွဲ (၄၀)ရွာ၌ (၂၆-၄-၂၀၁၈)ရက်နေ့နှင့် (၂၈-၄-၂၀၁၈)ရက်နေ့တို့တွင် ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ်(၈) … Read more
-
လေဘေးထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ဂွေးဂုံကျေးရွာအုပ်စု၊ ဂွေးဂုံကျေးရွာနှင့် ကျောက်တိုင်ခင်ကျေးရွာအုပ်စု၊ တောင်လုံးကျေးရွာတို့တွင် (၂၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၀၂)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ အမိုးလန် အိမ်ခြေ(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ စုစုပေါင်း (၉၁၄၂၀၀ိ/) (ကျပ်ကိုးသိန်းတစ်သောင်း လေးထောင့်နှစ်ရာတိတိ)တို့အား (၃၀-၄-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်း ဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သန်းဖိုရပ်ကွက်လေ ဘေးသင့်အိမ်ခြေ (တစ်စိတ်တစ်ပိုင်း)(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၆)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေ(၃၃၆၀၀/-)ကျပ်နှင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၃၃၆၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးတို့အား (၃၀.၄.၂၀၁၈)ရက်နေ့ ညနေ့ (၁၅း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #tny_ha_sgw
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့ မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး နောက် (၄၈)နာရီအတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ပါသည်။









