
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ တပ်ကျေးရွာ အုပ်စု၊ တပ်ကျေးရွာတွင် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာဖိုး(၇)ရက်စာ ၂၅၂၀၀ိ/-၊ နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၂၅၂၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့ကို (၃၀.၄.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy_apr2018