
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့အမှတ် (၂)ရပ်ကွက် ရွှေတုံးရပ် မြနန္ဒာလမ်း၌ (၂၉-၄-၂၀၁၈)ရက်နေ့ ဖြစ်ပွားသည့် မီးဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁)လုံးနှင့် မီးဘေးတားကြိုတင် ဖြိုဖျက်အိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅၀၀ိ/-) ဘေးသင့်ပြည်သူ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/-) တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#rke_apr2018