
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ သန္ဓေပင်ရပ် (၂၉.၄.၂၀၁၈)နေ့ မီးဘေးသင့်နေအိမ်(၃) ကြိုတင်ဖြိုဖျက်အိမ်(၁)လုံး၊ အိမ်ထောင်စု(၅)စု၊ ယင်းမှလူဦးရေ(၂၃)ဦးနှင့် ဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၁၄)မျိုး ပလပ်စတစ်ပုံးအပါ (၅)အိမ်ထောင်စုစာအား (၂၉.၄.၂၀၁၈)နေ့တွင်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့်ဒဏ်ရာရထောက်ပံ့၊ စုစုပေါင်း(၆၈၇၈၀၀ိ/-)အား (၃၀.၄.၂၀၁၈)နေ့လည်းကောင်း ပြည်မြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#bgo_ha_fir