
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာတွင် (၂၄.၄.၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀၀၀၀ိ/-)တစိတ်တပိုင်းပျက်စီးဆုံးရှုံးနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၁၀၀၀၀ိ/-)လူဦးရေ ကျား(၂၁)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်းလူဦးရေ (၄၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၈၆၁၀၀ိ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၉၆၁၀၀ိ/-)(ကျပ်လေး သိန်းကိုးသောင်းခြောက်ထောင့်တစ်ရာတိတိ)တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်ခရိုင်/မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၃၀.၄.၂၀၁၈)၇က်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_apr2018