Category Archives: News
-
အင်းတော်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ အင်းတော်မြို့နယ်အတွင်း (၉-၅-၂၀၁၈) ရက်နေ့ ဖြစ်ပွား သော လေဘေးကြောင့် အမိုးလန်နေအိမ်(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂၂) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပ့ံငွေကျပ်(၉၄၀,၀၀၀)ကို (၁၂-၅-၂၀၁၈)ရက်နေ့တွင် အင်းတော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ သက်ဆိုင်ရာပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ Source: ကသာခရို်င်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #sgg_may2018
-
မန်စီမြို့နယ်၊ ရေခူးမံခင်ကျေးရွာရှိ ပြောင်းရွေ့အိမ်ထောင်စုအားထောက်ပံ့ပေးမှုသတင်း
(၁၁-၅-၂၀၁၈)ရက်နေ့တွင် မန်စီမြို့နယ်၊ ရေခူးမံခင်ကျေးရွာ ရှိတန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွှေ့အိမ်ထောင်စု (၁)စု လူဦးရေ(၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ (၃၂)မျိုးပါ Relief kit (၁) ဖာနှင့် (၇) ရက်စာ ဆန်ဖိုးငွေ (၁၄,၇၀၀)တို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁.၅.၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။ Source : ဗန်းမော်ခရိုင် ဦးစီးမှူးရုံး(ဘစမ) #ha_otr #kcn_may2018
-
သရက်မြို့နယ်ရှိ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈ ) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာ (၅) ရွာတို့တွင် နေအိမ်(၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ ပြိုကျပျက်စီးခဲ့ပါသည်။ စုစုပေါင်း အိမ်ခြေ(၁၀) လုံး အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၂၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၀,၉၀၀) ကျပ်၊ နေအိမ်(၁၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၁၀,၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး-(၉) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁)အိမ်ထောင်စာတို့ကို … Read more
-
တောင်တွင်းကြီးမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့ နယ်၊ ကျေးရွာ (၂၁) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့(၀၃:ဝဝ)အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅၈၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁,၂၃၄,၈၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၃၄,၈၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု … Read more
-
ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ လေဘေးထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိ သူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်သာသနာနိကအဆောက်အဦး(၃)ကျောင်း၊ ကျောင်းဇရပ်(၂)ဆောင်၊ ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်အိမ်ခြေ (၂၆)လုံး၊ အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၀၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၂၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၆,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အမိုးလန်အိမ်ခြေ(၂၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁,၆၉၆,၃၀၀) (ကျပ်တစ်ဆယ့် ခြောက်သိန်းကိုးသောင်းခြောက်ထောင့်သုံးရာတိတိ) တို့အား (၁၁-၅-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကုလားကြီးစုကျေးရွာအုပ်စု၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက်ပုံမီးဘေး ကြောင့် လှိုင်သာာယာ အမှတ် (၁၃) ရပ်ကွက်မှ မီးခိုးသင့်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၁-၅-၂၀၁၈) ရက် နေ့ တွင် သေဆုံးသူ၏ မိသားစုဝင်ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fir #ygn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ကလေးမြို့နယ်၊ ကျောင်းအုပ်စု အဆင့် (G2) သင်ရိုးသစ်ဆွေးနွေးပွဲသင်တန်းမှ ဆရာ/ဆရာမ (၃၀၀) ဦးခန့်အား ကလေးမြို့ အ.ထ.က (၃) စုံညီခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦစီးမှူးရုံး(ဘစမ) #ar_eqk #sgg_may2018
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား New Zealand Ministry of Foreign Affairs and Trade မှလာရောက်တွေ့ဆုံ
၁၁-၅-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား New Zealand Ministry of Foreign Affairs and TradeမှDeputy Secretary of Pacific and Development Group ဖြစ်သူ H.E. Mr. Jonathan Kingsက ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးခဲ့သည့်ကိစ္စများ၊ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စေမည့် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ အ.ထ.က (၂) တွင် နွေရာသီ မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၅၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်တွေ့ပါဝင်လေ့ကျင့် စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာဖြန့်ဝေပေးခြင်းများကို ကျောက်မဲမြို့ အ.ထ.က (၂) ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_may2018
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
၁၁.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်လမ်းညွှန်သြဝါဒစကားပြောကြားခဲ့ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့်မူဝါဒနှင့်အညီ စီမံခန့်ခွဲမှုများကို ပြောင်းလဲဆောင်ရွက်ရန်၊ ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူ့ အတွက် မဆိုင်းမတွတုံ့ပြန်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အရည်အသွေး မြှင့်တင် ခြင်းကို … Read more









