တောင်တွင်းကြီးမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့ နယ်၊ ကျေးရွာ (၂၁) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့(၀၃:ဝဝ)အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော  အမိုးလန်နေအိမ် (၁၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅၈၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁,၂၃၄,၈၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၃၄,၈၀၀) ကျပ် နှင့်  ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁၃၀) စုစာတို့အား (၁၁-၅-၂၀၁၈) ရက်နေ့(၁၈းဝဝ) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#mgy_may2018

Sign Up

Upcoming Events