ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိ သူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်သာသနာနိကအဆောက်အဦး(၃)ကျောင်း၊ ကျောင်းဇရပ်(၂)ဆောင်၊ ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်အိမ်ခြေ (၂၆)လုံး၊ အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၀၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၂၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၆,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အမိုးလန်အိမ်ခြေ(၂၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁,၆၉၆,၃၀၀) (ကျပ်တစ်ဆယ့် ခြောက်သိန်းကိုးသောင်းခြောက်ထောင့်သုံးရာတိတိ) တို့အား (၁၁-၅-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်း အား လည်းကောင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတို့တွင် (၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အမိုးလန် အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၇၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၄၆၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၅၃,၃၀၀)ကျပ်၊ ပြိုကျပျက်စီး နေအိမ်(၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အမိုးလန်အိမ်ခြေ(၁၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ စုစုပေါင်း (၆၁၃,၃၀၀)တို့အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းအား လည်းကောင်း၊ ရေစကြိုမြို့နယ်အတွင်း ရှိ ကျေးရွာ(၁)ရွာတို့တွင် (၉-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁) စု၊ လူဦးရေ(၅)ဦး ဘေးသင့်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀,၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ စုစုပေါင်း (၁၆၀,၅၀၀) ကျပ်တို့အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်၊၊
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)နှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_may2018