လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား New Zealand Ministry of Foreign Affairs and Trade မှလာရောက်တွေ့ဆုံ

၁၁-၅-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား New Zealand Ministry of Foreign Affairs and TradeမှDeputy Secretary of Pacific and Development Group ဖြစ်သူ H.E. Mr. Jonathan Kingsက ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးခဲ့သည့်ကိစ္စများ၊ လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စေမည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအား အထောက်အကူဖြစ်စေမည့် နယူးဇီလန် နိုင်ငံမှထောက်ပံ့ထားသော စိုက်ပျိုးရေးဆိုင်ရာစီမံကိန်းအား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်စပ် အကောင်အထည်ဖေါ်မည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၏ အကူအညီများဖြင့် လူသားချင်း စာနာကူညီမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများ၊ (၂) နိုင်ငံသဘောတူညီချက်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများအား နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် ပါဝင်စေမှုများ၊ ပြန်လည် နေရာချထားရေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လာသူများကိုယ်တိုင် ၎င်းတို့ နေထိုင်မည့်အိမ်များအားပါဝင်ဆောက်လုပ်နိုင်ပြီး ၎င်းတို့၏လုပ်အားအတွက် လုပ်အားခငွေပေးအပ်မည့် လုပ်ငန်းများ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏အကြံပြုချက်များ အကောင်အထည်ဖေါ်ဆောင်ရွက် ရေးကော်မတီ၏ ဦးစားပေးလုပ်ငန်းများဖြစ်သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ရေး၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ရရှိရေး၊ ယာယီစခန်းများပိတ်သိမ်းရေးဆောင်ရွက်နေပြီး(၂၀၁၂)ခုနှစ်တွင် ဖွင့်လှစ်ခဲ့သောကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရာတွင် စခန်းတွင်းနေထိုင်သူများ ပြန်လည်နေရာချထား ရေးအတွက် ၎င်းတို့နေထိုင်မည့်နေရာအားရွေးချယ်သဘောတူညီမှုများဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း များ၊ ၎င်းတို့အတွက် ပညာသင်ကြားခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ အဆင်ပြေစွာလုပ်ကိုင်နိုင်ရေးဆောင်ရွက်နေမှုများ၊ ဒေသအတွင်းတရားဥပဒေ စိုးမိုး ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မိုင်းအန္တရာယ်လျော့ချရေး လုပ်ငန်းတွင် အတွေ့အကြုံရှိသော နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်ပူးပေါင်း၍ မိုင်းအန္တရာယ်ဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ မိုင်းရှာဖွေဖေါ်ထုတ်ဖျက်ဆီးရေး ဆောင်ရွက်မည့်ကိစ္စများအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_may2018

Sign Up

Upcoming Events