၁၁.၅.၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်လမ်းညွှန်သြဝါဒစကားပြောကြားခဲ့ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့်မူဝါဒနှင့်အညီ စီမံခန့်ခွဲမှုများကို ပြောင်းလဲဆောင်ရွက်ရန်၊ ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူ့ အတွက် မဆိုင်းမတွတုံ့ပြန်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အရည်အသွေး မြှင့်တင် ခြင်းကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန်၊ ဘေးဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်း ဖြစ်စေရေးနှင့် ဘေးဒဏ်ခံစားရသည့်လူများမူလအခြေအနေထက် ပိုမိုကောင်းမွန်သည့်လူမှု ဘဝရရှိစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ UN, INGO များ၊ CSO များ၊ အခြားမိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုထိရောက်မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသအလိုက် သဘာဝဘေး ဆိုင်ရာ အချက်အလက်စာရင်းများရှိပြီးဖြစ်သဖြင့် ဆန်းစစ်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများလုပ်ဆောင် ခြင်းတို့ကို ဆောင်ရွက်ရန်နှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး စွမ်းဆောင် ရည်များ မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်းလည်း အဖွဲ့အစည်းစိတ်ဓာတ်မွေးမြူ၍ မိသားစုသဖွယ် စည်းလုံးညီညွတ်စွာ နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က လမ်းညွှန်အမှာစကားပြောကြားရာတွင် ဦးစီး ဌာန၏ဖွဲ့စည်းပုံအရ တိုးချဲ့ဖွင့်လှစ်ခဲ့သည့်မြို့နယ်ရုံးများ လုပ်ငန်းလည်ပတ်နိုင်ရေးနှင့်လိုအပ်သည့် စီမံခန့်ခွဲမှု များ အားဆောင်ရွက်ရန်၊ ရုံးများ၏အနေအထားအရ ထောက်ပံ့ပစ္စည်းများထားရှိရေး၊ အသိပညာပေး အတွက် လက်ကမ်းစာစောင်များ၊ ပိုစတာများပေးပို့ထားရှိရေး၊ ဘတ်ဂျက်ရန်ပုံငွေသုံးစွဲရာတွင် လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်သုံးစွဲရေးနှင့် ဝန်ထမ်းများစည်းလုံးညီညွတ်ရေး၊ စည်းကမ်းသေဝပ်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာညွှန်ကြားချက်များနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးများက လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဖြည့်ဆည်းပေးရမည့်အချက်များ၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ လိုအပ် ချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ၂၀၁၈ခုနှစ်၊ မေလ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_may2018