ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈ ) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာ (၅) ရွာတို့တွင် နေအိမ်(၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ ပြိုကျပျက်စီးခဲ့ပါသည်။ စုစုပေါင်း အိမ်ခြေ(၁၀) လုံး အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၂၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၀,၉၀၀) ကျပ်၊ နေအိမ်(၁၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၁၀,၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး-(၉) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁)အိမ်ထောင်စာတို့ကို (၁၁-၅-၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Soruce: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#mgy_may2018