Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်ခရိုင်အတွင်း (၉-၅-၂၀၁၈)နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ်(၃)လုံးနှင့် ဓမ္မာရုံ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀,၀၀၀)ကျပ်အား မိုးမိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခရိုင် အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ခရိုင်/မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ တို့နှင့််အတူ (၁၂-၅-၂၀၁၈) ရက်နေ့တွင်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းနှင့် မဘိမ်းမြို့နယ် လေဘေးသင့် အမိုးလန်နေအိမ် (၈) လုံးနှင့် ပြိုကျနေအိမ်(၂)လုံးအတွက် ထောက်ပံ့ငွေ (၆၉၄,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး အိမ်ထောင်စု(၂)စုစာအား မဘိမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #shn_may2018
-
ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈) ရက်နေ့တွင် မော်လိုက်မြို့ အ.ထ.က စုံညီခန်းမတွင် မွမ်းမံသင်တန်းနည်းပြနှင့် ဆရာ /ဆရာမပေါင်း (၂၀၇)ဦးအား ငလျင်အသိပညာပေး ဆွေးနွေးပွဲနှင့် အစမ်းလေ့ကျင့်မှုဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_may2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အလှူငွေလက်ခံခြင်းနှင့် မြန်မာလက်သင်္ကေတပြ ဘာသာစကား စံသတ်မှတ်ခြင်း ကိစ္စရပ်များဆွေးနွေးမှုသတင်း
၁၃.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆၄) ကမ္ဘာအေးဘုရား လမ်းနှင့် ပါရမီလမ်းထောင့်ရှိ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံးတွင် ကျင်းပသည့် ကချင်ပြည်နယ်၊ တိုက်ပွဲရှောင်စခန်းများရှိ မိခင်နှင့်ကလေးများအတွက် မောင်ဘုန်းမြတ်သားထူး၏ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မိဘ၊ ဆွေမျိုးမိတ်ဆွေများ စုပေါင်း၍ အလှူငွေ ကျပ် (၂၅) သိန်းတိတိအား လာရောက်လှူဒါန်းရာ … Read more
-
ကျွန်းလှမြို့နယ်၊ ကျေးရွာ(၉)ရွာအတွင်း လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျွန်းလှ မြို့နယ်၊ ကျေးရွာ(၉)ရွာအတွင်းရှိ (၉-၅-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခံရသော လူနေအိမ် အမိုးလန်(၃၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၀၇၀,၀၀၀)ကျပ်တို့ကို(၁၁-၅-၂၀၁၈) ရက်နေ့တွင် ကျွန်းလှမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_may2018
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ သပြေ ကန်ကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာတွင် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သော အိမ်ခြေ(၁) လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၀,၅၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀၀) ကျပ်အား (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_may2018
-
ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာအုပ်စု၊ နထိုင်းပြင်ကျေးရွာရှိ သောက်သုံးရေရှားပါးမှုအတွက် လိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းဆောင်ရွက်မှုသတင်း
(၁၁-၅-၂၀၁၈) ရက်နေ့တွင် ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာအုပ်စု၊ နထိုင်းပြင်ကျေးရွာတွင် သောက်သုံးရေ ရှားပါးမှုအား ဦးစီးဌာန၏ Hot line တယ်လီဖုန်းနံပါတ်သို့ အကူအညီတောင်းခံမှုအရ အမှန်တကယ်လိုအပ်ပါက ဆောင်ရွက်ပေးနိုင်ရန်အတွက် ကွင်းဆင်းစစ်ဆေးသွားရန် ဦးစီးဌာန၏ လမ်းညွှန်ချက်အရ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #rke_may2018
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ထောက်ပံ့မှုများဆောင်ရွက်မှုသတင်း
၁၂.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယားပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ (၁၂-၅-၂၀၁ဂ)ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာတောင်တော်၊ တောင်ကွဲစေတီသို့ သွားရောက်ဖူးမျှော်ခဲ့ကာ အလှူငွေများပေးအပ်လှူဒါန်းခဲ့ပြီး ရွှေတောင်ပရိယတ္တိစာသင်တိုက် နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျင်းပပြုလုပ်သည့် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ မန်ကျည်းဖြူကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၁)လုံး မီးဘေးသင့်ခဲ့ရာ အိမ်ထောင် (၂၁)စု လူဦးရေ (၈၉)ဦး အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂,၁၀၀,၀၀၀)ကျပ် နှင့် ဆန်ရိက္ခာဖိုး (၁၈၆,၉၀၀) ကျပ် တို့ကို (၁၁-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_may2018
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့၌ ဖြူးမြို့၊ ဈေးရပ်ကွက် ၊(၂၁) လမ်းတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ သေဆုံးသူ (၁) ဦးနှင့် ဒဏ်ရာရသူ (၁) ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်အား ပြည်သ့ူလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်ကိုယ်စားလှယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့် အတူ (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_may2018
-
မိုင်းတုံမြို့နယ်၊ ပါမန်ရင်ရပ်ကွက်၌ ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေနှင့် တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈) ရက်နေ့၊နံနက် (၀၈း၃၀) နာရီ မှ (၁၀းဝဝ) နာရီ အထိ မိုင်းတုံ မြို့နယ်၊ ပါမန်ရင်ရပ်ကွက်၌ ငလျင်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာသူ (၂၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ငလျင်ဘေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: … Read more









