ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့၌ ဖြူးမြို့၊ ဈေးရပ်ကွက် ၊(၂၁) လမ်းတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ သေဆုံးသူ (၁) ဦးနှင့် ဒဏ်ရာရသူ (၁) ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်အား ပြည်သ့ူလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်ကိုယ်စားလှယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့် အတူ (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_may2018