Category Archives: News
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက် (၂) ခု၊ ကျေးရွာအုပ်စု (၆) စုတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၇၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆၁)လုံးနှင့် ဘုန်းကြီး ကျောင်း (၂) ကျောင်း အတွက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ လယ်ဦးစုကျေးရွာနှင့် မြိုင်တွင်းကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၆) လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀ိ/-)ကျပ်တို့အား (၁၇-၅-၂၀၁၈) ရက်နေ့ (၈း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_may2018
-
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့နှင့် (၁၄-၅-၂၀၁၈)ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရွှေလင်ဗန်းကျေးရွာအုပ်စု၊ ကျုံစုကျေးရွာမှနေအိမ်(၂)လုံး၊ စုစုပေါင်း နေအိမ်(၃) လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃,၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၅,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈၈,၆၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၈)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်း မြို့နယ်၊ ပန်းတောက်ကုန်းကျေးရွာအုပ်စု၊ ပဇင်ကျယ်ကျေးရွာ၌ (၁၂-၅-၂၀၁၈)ရက်နေ့တွင် မိုးကြိုးဘေး ကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ သေဆုံးသူ မိသားစုထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်ခေါင်း မြို့နယ်၊ မန်ကျည်းခုံကျေးရွာအုပ်စု၊ မန်ကျည်းခုံကျေးရွာ၌(၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေ ဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၉,၂၀၀ိ/-) ကျပ်အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_may2018
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စု ကုက္ကိုတောကျေးရွာ၌ (၁၅-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် FAMILY KITS (၂၆) မျိုးပါ (၁) ပုံး၊ အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) ပုံး၊ လူူဦးရေ (၂၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၉၀,၀၀၀ိ/-) ကျပ် ၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more
-
လေပြင်းဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်း ကျေးရွာအုပ်စု တင်ငုတ်ကြီးကျေးရွာတွင် နေထိုင်သူ မောင်ဇွဲကို အသက်(၂၂)နှစ်သည် (၉.၅.၂၀၁၈)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် သဖန်းဆိပ်ဆည်အတွင်း လှေမှောက်သေဆုံးသွားပါသဖြင့် ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)ကျပ်အား အင်းကောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်၌ (၁၆.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_may2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အထက (၉) တောင်ကြီးမြို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် အထက(၁)တောင်ကြီးမြို့၌လည်းကောင်း၊ ပညာရေးမွမ်းမံသင်တန်း တက်ရောက်နေသော အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ခဲ့ရာ အထက(၉)တွင် ဆရာ/ ဆရာမ (၄၁၅) ဦး၊ အထက(၁)တွင် ဆရာ/ဆရာမ (၅၇၄)ဦး၊ စုစုပေါင်း (၉၈၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ နှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် (၁၆-၅-၂၀၁၈)ရက် နေ့တွင် လဝါးကျေးရွာသို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၁၁း၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကာ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇) စု၊ (၁၃၉) ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန် (၅၀) အိတ်၊ အဝတ် အထည်နှင့် အာဟာရနို့မှုန့်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီမှူးရုံးမှ … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)ရက်နေ့ နံနက်(၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း အုပ်ဆရာ၊ ဆရာမကြီးများ၊ မွမ်းမံသင်တန်းတက်နေသည့်ဆရာ၊ ဆရာများစုစုပေါင်း(၃၅၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် သဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)









