ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့နှင့် (၁၄-၅-၂၀၁၈)ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရွှေလင်ဗန်းကျေးရွာအုပ်စု၊ ကျုံစုကျေးရွာမှနေအိမ်(၂)လုံး၊ စုစုပေါင်း နေအိမ်(၃) လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦး အတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၃,၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၅၅,၀၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၈၈,၆၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၃) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၈)ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီချိန်တွင် သက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events