လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက် (၂) ခု၊ ကျေးရွာအုပ်စု (၆) စုတို့တွင် (၁၃-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅၇၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ် (၆၁)လုံးနှင့် ဘုန်းကြီး ကျောင်း (၂) ကျောင်း အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၂၂,၉၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၇၅၈,၆၀၀ိ/-) ကျပ်တို့အား (၁၇-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဇီးကုန်း မြို့နယ်၊ ထွေ/အုပ်ခန်းမ၌ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ အဆိုပါ ထောက်ပံ့ ပေး အပ်ပွဲသို့ ဇီးကုန်းမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁) ဦး၊ ဇီးကုန်း မြို့နယ် အုပ်ချုပ် ရေးမှူး၊ ဇီးကုန်းမြို့နယ် ပြန်ဆက်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လေဘေးသင့်ပြည်သူများ စုစုပေါင်း အင်အား (၁၀၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လေဘေးကြိုတင်ပြင်ဆင် ရေးနှင့်ပတ်သက်၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များဝေငှပေးခဲ့ပြီး အသိပညာပေးဟော ပြောခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#bgo_may2018

Sign Up

Upcoming Events