ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ခေမံအုပ်စု၊ လယ်ဦးစုကျေးရွာနှင့် မြိုင်တွင်းကျေးရွာတို့တွင် (၁၅-၅-၂၀၁၈) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် နေအိမ် (၆) လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၈,၀၀၀ိ/-)ကျပ်တို့အား (၁၇-၅-၂၀၁၈) ရက်နေ့ (၈း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်း ရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018