
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် အထက (၉) တောင်ကြီးမြို့၌လည်းကောင်း၊ နေ့လည်ပိုင်းတွင် အထက(၁)တောင်ကြီးမြို့၌လည်းကောင်း၊ ပညာရေးမွမ်းမံသင်တန်း တက်ရောက်နေသော အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများအား ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင် ရွက်ခဲ့ရာ အထက(၉)တွင် ဆရာ/ ဆရာမ (၄၁၅) ဦး၊ အထက(၁)တွင် ဆရာ/ဆရာမ (၅၇၄)ဦး၊ စုစုပေါင်း (၉၈၉) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_may2018
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)