ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

17 Pic 02
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ နှင့်အတူ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့သည် (၁၆-၅-၂၀၁၈)ရက် နေ့တွင် လဝါးကျေးရွာသို့ သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို (၁၁း၀၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ကာ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇) စု၊ (၁၃၉) ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန် (၅၀) အိတ်၊ အဝတ် အထည်နှင့် အာဟာရနို့မှုန့်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီမှူးရုံးမှ (၁,၈၀၂,၆၂၅ိ/-) တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား (၁) လစာနှင့် ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_may2018

Sign Up

Upcoming Events