Category Archives: News
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စစ်တွေ မေ ၃၀ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ကော်မတီတွင် နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးဟူ၍လုပ်ငန်းတာဝန် နှစ်ရပ်ပါဝင်ပါကြောင်း၊ ပြည်တွင်းနေရပ် စွန့်ခွာသူများနှင့် ပြည်ပသို့နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ပြန်လည်နေရာချထားရေး ကိုဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ … Read more
-
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုုလုပ်ငန်းစီမံချက် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူသရမ်ဝေါလ်ဖယ်ဒရေးရှင်းမြန်မာ (LWF_Myanmar)၊ အာချီနိုဗာအဖွဲ့တို့နှင့်ပူးပေါင်း၍ (၃၀-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အလုပ်ရုံးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမ်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ NGOs အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၃) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ ခွဲ (၁၇) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့နှင့် (၁၂-၅-၂၀၁၈) ရက်နေ့တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁၆) လုံး၊ အမိုးလန်အိမ်ခြေ (၈၆) လုံး၊ စုစုပေါင်းအိမ်ထောင်စု (၁၀၂) စု၊ လူဦးရေ (၄၂၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၃၄၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၈၈,၃၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၅,၂၂၈,၃၀၀ိ/-) … Read more
-
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) လေဖိအာနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၀၉)၊၂၀၁၈
================================================= လေဖိအာနည်းရပ်ဝန်းအခြေအနေ အစီရင်ခံခြင်း ================================================= (၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) လေဖိအာနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၀၉)၊၂၀၁၈ လေဖိအာနည်းရပ်ဝန်းအခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်း မုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအာနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားပြီးဖြစ်ပါသည်။ သတိပေးနှိုးဆော်ချက် ================================================= (က) အဆိုပါ လေဖိအာနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၂၄)နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြစိမ်းရောင်ရပ်ကွက်နှင့် သီရိဟေမာရပ်ကွက်တို့၌ (၂၈-၅-၂၀၁၈) ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန် နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာနှင့် လူဦးရေ (၉) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ (သရက်မြို့) ရှိ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ (၃၀-၅-၂၀၁၈) ရက် နေ့တွင် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ (သရက်မြို့) တွင် ဝန်ထမ်းအင်အား (၃၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဌာနနှင့် ပတ်သက်သော သိကောင်းစရာများ၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အန္တရာယ် များနှင့်ပတ်သက်၍ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘုန်းကြီးကုန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာ၌ (၂၅-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၂၉-၅-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများ၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကျေးစာရေးတို့နှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may2018
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၂၀) စုတို့၌ (၁၇-၅-၂၀၁၈) နေ့မှ (၂၀-၅-၂၀၁၈) နေ့အထိ ဖြစ်ပွားခဲ့သော လေဘေး ကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁,၄၀၀,၀၀၀ိ/-)၊ လူဦးရေ (၃၆) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀၀ိ/-) ကျပ်၊ တစိတ်တပိုင်း/အမိုးလန်အိမ် (၂၄၉) လုံးနှင့် … Read more
-
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၈ ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
================================================= ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် ================================================= (၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၈ ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့် အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ နောက်(၉)နာရီအတွင်းခန့်မှန်းချက် (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု (၆) စုတို့၌ (၁၇-၅-၂၀၁၈) နေ့နှင့် (၁၉-၅-၂၀၁၈) နေ့တို့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်း/အမိုးလန်နေအိမ် … Read more









