လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ ခွဲ (၁၇) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့နှင့် (၁၂-၅-၂၀၁၈) ရက်နေ့တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁၆) လုံး၊ အမိုးလန်အိမ်ခြေ (၈၆) လုံး၊ စုစုပေါင်းအိမ်ထောင်စု (၁၀၂) စု၊ လူဦးရေ (၄၂၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၃၄၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၈၈,၃၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၅,၂၂၈,၃၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ ဇလွန်မြို့နယ်၊ ငြိမ်းအေးကျေးရွာအုပ်စု၊ ငြိမ်းအေးကျေးရွာ၌ (၁၈-၅-၂၀၁၈) နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၂) အိမ်ထောင်စာကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၃၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၁၄၇၀၀ိ/-) ကျပ်တို့အားလည်းကောင်း၊ (၂၉-၅ -၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_may2018

Sign Up

Upcoming Events