လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူသရမ်ဝေါလ်ဖယ်ဒရေးရှင်းမြန်မာ (LWF_Myanmar)၊ အာချီနိုဗာအဖွဲ့တို့နှင့်ပူးပေါင်း၍ (၃၀-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် အမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အလုပ်ရုံးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အမ်းမြို့နယ်မှ ဌာနဆိုင်ရာများ၊ NGOs အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို (၃) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_may2018