
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု (၆) စုတို့၌ (၁၇-၅-၂၀၁၈) နေ့နှင့် (၁၉-၅-၂၀၁၈) နေ့တို့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂၀၀၀ိ/-)ကျပ်၊ တစိတ်တပိုင်း/အမိုးလန်နေအိမ် (၆၈) လုံးနှင့် ဘုန်းကြီးကျောင်း (၃)ကျောင်းတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်+ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅,၁၇၇,၀၀၀ိ/-) ကျပ်တို့အား (၂၉-၅-၂၀၁၈)ရက်နေ့၊ (၀၉:၀၀) နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြန်ဆက် ဦးစီးမှူး၊ အင်းမမြို့အုပ်ချုပ်ရေးမှူ း၊ မိခင်ကလေးစာင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018