လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၂၀) စုတို့၌ (၁၇-၅-၂၀၁၈) နေ့မှ (၂၀-၅-၂၀၁၈) နေ့အထိ ဖြစ်ပွားခဲ့သော လေဘေး ကြောင့် လေဘေးသင့်ပြိုလဲအိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၄) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁,၄၀၀,၀၀၀ိ/-)၊ လူဦးရေ (၃၆) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၅,၆၀၀ိ/-) ကျပ်၊ တစိတ်တပိုင်း/အမိုးလန်အိမ် (၂၄၉) လုံးနှင့် ဘုန်းကြီးကျောင်း (၇) ကျောင်းတို့ အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်+ကျောင်းဆောက်ပစ္စည်းဖိုးငွေ ကျပ် (၁၂,၆၅၇,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၁၄,၁၃၃,၅၀၀ိ/-) တို့အား (၂၉-၅-၂၀၁၈) (၁၁:၀၀) နာရီချိန်တွင် ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရွှေတောင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2018