လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ (သရက်မြို့) ရှိ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ (၃၀-၅-၂၀၁၈) ရက် နေ့တွင် စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဘိလပ်မြေစက်ရုံ (သရက်မြို့) တွင် ဝန်ထမ်းအင်အား (၃၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဌာနနှင့် ပတ်သက်သော သိကောင်းစရာများ၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး အန္တရာယ် များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင် များဝေငှပေးခြင်း၊ ရေဘေးနှင့် ငလျင်ဘေး ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#mgy_may2018