Category Archives: News
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈)ရက်နေ့၊ နေ့လည်(၁၃း၃၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်း ကျောင်း အထကခွဲယန်းလူးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲများပြုလုပ်ကျင်းပခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံတွင် ယခုလက်ရှိဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ ရေဘေး၊မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေးငလျင်ဘေးများနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို အဓိကဟောပြောခြင်း ငလျင်လှုပ်ခတ်နေစဉ်အတွင်းနေထိုင်ရမည့်အနေအထားများကို လက်တွေ့ပြသခြင်း ကျောင်းသူ၊ ကျောင်းသားများမှ ပူးပေါင်းဆောင်ရွက်စေခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းများ DAN Mobile … Read more
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကျောက်မဲမြို့နယ် အထက-၁ ကျောင်းခန်းမ၌ မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် အထက-၁ ကျောင်းခန်းမ၌ မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးဟောပြောပွဲအား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ (၈) တန်းနှင့် (၉) တန်း ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈) ရက်နေ့တွင် (၁၃း၃၀) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်စု (၆၇) စုမှ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများ ရပ်ကျေး/စာရေးဝန်ထမ်းများ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန် ရှိသူများ စုုစုပေါင်းလူဦးရေ (၁၈၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jun2018
-
လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့် အိမ်ထောင်စု အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း ဒလန့်ချွန် ကျေးရွာအုပ်စု၊ ဘူတာစုကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၉း၂၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-) ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန် မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ မီးရထား (၂) ၊ သာစည်လိုင်းတွင် (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-)ကျပ်၊ … Read more
-
မြန်မာရေလုပ်သားများအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး open camp ထိန်းသိမ်းခံရသော မြန်မာရေလုပ်သား (၇) ဦးအား (၁၄-၆-၂၀၁၈) ရက်နေ့၊ ည (၂၁း၂၀) နာရီအချိန်တွင် ကောလကတ္တားမှ ရန်ကုန်မြို့သို့ အိန္ဒိယလေကြောင်း လိုင်း 8 M608 ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား (၇) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး နှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ … Read more
-
မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာ၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေးပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂ဝဝဝဝဝိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ လှည်းလမ်းကွင်းမြောက်ကျေးရွာနှင့် ဝါးကုန်းကျေးရွာအုပ်စု၊ အလယ်သောင်ကျေးရွာတို့တွင် လေဘေးကြောင့် ဘေးသင့်ခဲ့သော ပျက်စီးနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) ပုံး၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၅,၂၀၀ိ/-)ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (ဝရး၃၀) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၄) စက်မှုသင်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သား (၁၇၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်း စာစောင်များထည့်သွင်းထားသော … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ အိမ်မဲမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျုံမရမ်ကံရွာအုပ်စု ကျုံသွတ်ဖျားကျေးရွာ၊ ချောင်းသာကြီးကျေးရွာအုပ်စု ချောင်းသာကြီးကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု မရမ်းငူကျေးရွာ၊ ထန်းလေးပင်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနှင့် တမံကြီးကျေးရွာအုပ်စု တမံကြီးကျေးရွာ တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၄) လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ် (၁) လုံး စုစုပေါင်းနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ … Read more









