ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ လှည်းလမ်းကွင်းမြောက်ကျေးရွာနှင့် ဝါးကုန်းကျေးရွာအုပ်စု၊ အလယ်သောင်ကျေးရွာတို့တွင် လေဘေးကြောင့် ဘေးသင့်ခဲ့သော ပျက်စီးနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) ပုံး၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၅,၂၀၀ိ/-)ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (ဝရး၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်း ရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jun2018

Sign Up

Upcoming Events